Khit Thit သတင်းဌာန၏ မတ် ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၂၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ - စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဲ့ ကသာမြို့နယ်အကြားမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့ ယာဉ်တန်း နဲ့ လမ်းလုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေကို KIA ၊ KPDF ပူးပေါင်း တပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေသွားတယ်လို့ Indaw Revolution – IR ရဲ့ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက်ပွဲ ဧရိယာနယ်မြေတစ်ခုမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ၃ ပွင့် ဗိုလ်ကြီး ရဲဇော်ထွေး အပါအဝင် စစ်သားအချို့ကို မြှုပ်နှံထားတဲ့ ရုပ်အလောင်းတွေနဲ့ ခဲယမ်းအချို့ အပါအဝင် အသုံဆောင် ပစ္စည်း တချို့ကို တွေ့ရှိခဲ့တယ်လို့ KNDF တပ်ရင်း ၉ ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ - မကွေးတိုင်း၊ရေစကြိုမြို့၊ ပေကုန်းရေတံခါးအနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခြေလျင် စစ်ကြောင်းကို ဒီကနေ့ မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။